Sunday, November 8, 2009

တွေ့တာတော့တွေ့သွားကြတာပဲ........

မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား

အစိုးရသည် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို နေပြည်တော်သို့

စေလွှတ်လိုက်သည်။အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်နှင့် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး
စကော့မာဆီယယ်သည် သူတို့၏ မြန်မာနိုင်ငံသို့ အချက်အလက် ရှာဖွေရေး ၂ ရက်ကြာ ခရီးစဉ်ကို မကြာခင်က အဆုံးသတ်ခဲ့သည်။

ဤခရီးစဉ်အတွင်း သူတို့သည် ဝန်ကြီးချုပ်သိန်းစိန်နှင့် ဝန်ကြီးဦးသောင်း အပါအဝင် စစ်အစိုးရအရာရှိများ၊အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များ၊ အတိုက်အခံ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များ၊

စစ်အစိုးရ လိုလားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကိုယ်စားလှယ်များ စသည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
(USDA ကို အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက် တိုက်ခိုက်နှိမ်နင်းတတ်သူများအဖြစ် ကြာမြင့်စွာကတည်းကပင်

သိရှိထားကြသည်)
သို့သော် မကြာခင်ကာလအတွင်း ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးမှာမူ အတော်ပင် အခွင့်အလမ်း နည်းပါးနေဆဲ ရှိသေးသည်။

နှစ်ဖက်လုံးတွင် ကွဲလွဲချက်များက ကြီးမားစွာ တည်ရှိနေဆဲ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများဘက်က သူတို့နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုများကို အမေရိကန်နှင့် သူ့မဟာမိတ်များက
ရုပ်သိမ်းပေးစေလိုသည်။ အငြင်းပွားဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် စောဒက မတက်ဘဲ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို

လက်ခံအသိအမှတ်ပြုစေလိုသည်။
သို့သော် စောဒကတက်စရာ တပုံကြီးနှင့် ၂ဝဝ၈ ခုနှစ် မေလက ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုထားသော

ထိုဖွဲ့စည်းပုံအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်လိမ့်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်
တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင်ဖြစ်သော သူတို့၏ မဟာမိတ်အဖွဲ့အစည်းများကထင်မြင်ယူဆကြသည်။
အကယ်၍များ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ပြဿနာများကို ဆွေးနွေးညှိနှိုင်းရန် ငြင်းဆန်ခဲ့လျှင်၊
အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်းကို ငြင်းဆန်ခဲ့လျှင်
အတိုက်အခံများဘက်ကရော ဘာလုပ်မည်နည်း။
မဇ္ဈိမသတင်းဌာနမှကောင်နှုတ်ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....