Friday, November 13, 2009

ရှိခိုးဦးချ ကန်တော့ပါတယ် အမေ

အမေလို့ဆိုလိုက်ရင် အားလုံးရဲ့အမေစုကိုရည်ညွှန်းတာလို့ပဲ ထင်ကြမယ် ထင်ပါတယ်။
ဒီတစ်ခါ ကျမဆိုလိုတဲ့အမေက ကျမရဲ့မိခင်ပါ။
လွန်ခဲ့တဲ့၃၃နှစ် (၁၉၇၆ခုနှစ်၊နိုဝင်ဘာလ၊၁၃ရက်)ည၁၂နာရီတိတိ အချိန်မှာ ကျမမိခင်ခမြာ သေလုမတတ်ဆိုးရွားပြင်းထန်လှသော ဝေဒနာများကိုကျိတ်မှိတ်ခံစားရင်း ကျမကိုလူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့ပါတယ်။
ဆိုနိုင်ခက်ခဲတဲ့ညဉ် မွေးကတည်းကပါလာတဲ့ ကျမဟာ မိခင်သက်ရှိထင်ရှားရှိစဉ်အခါက ကိုယ်ကျင့်သိက္ခာတရားနဲ့ဆိုင်တဲ့ကိစ္စ၊ပညာရေးကိစ္စကလွဲလို့ တခြားဘာကိုမှ မိခင်စိတ်တိုင်းကျအောင် ပြုမူနေထိုင်ခြင်း မရှိခဲ့ပါဘူး။
အခုတော့အမေဆုံးသွားတာ ၁၁နှစ်ရှိသွားပါပြီလေ။
အမေမရှိတော့မှ အမေ့တန်ဖိုးကို နားလည်လာတယ်။
အမေ့စကား၊အမေ့တရားတွေကို အခုမှသဘောပေါက်လာတော့တယ်။
ခပ်ညံ့ညံ့ကျမဟာ ၃၃နှစ်ရောက်မှ ကျမပတ်ဝန်းကျင်က မိတ်ဆွေအတုနဲ့မိတ်ဆွေအစစ်တွေကို ခွဲခြားတတ်လာတော့တယ် အမေ။
အမေဖြစ်စေချင်သလို အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေပါတယ် အမေ။
သမီးကတော့ မွေးနေ့မှာ မမလို အမေ့ကျေးဇူးကို ကဗျာစပ်ပြီး မပူဇော်တတ်တာ ခွင့်လွှတ်ပါ။
အမေ့ကျေးဇူးတွေကို ဆင်ခြင်အောက်မေ့ရင်း ဒီည အထူးကိုပဲ ရိုသေစွာရှိခိုးဦးချ ကန်တော့ပါတယ် အမေ။
အေးနန္ဒာအောင်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....