Thursday, November 12, 2009

အစာလည်းဆေး ဆေးလည်းအစာ


"မအိတကဲ" (舞茸 / Hen of the Woods)ဆိုတာ မှိုတမျိုးပါ။ မြန်မာလို ဘယ်လိုခေါ်တယ် မသိပါ။ "မအိတကဲ"မှိုမှာပါတဲ့ β-Glucansက ကိုယ်ခံအား (immunity)ကို တက်စေပြီး ဝက်တုပ်ကွေးကို ကာကွယ်မှုပေးတယ်လို့ သတင်းမှာ ကြည့်လိုက်ရပါတယ်။ မှိုက ထုတ်တဲ့အရည် (Extract)ကို ကိုယ်ခံအားဆဲလ် (Macrophage)ထည့်ထားတဲ့ Microbiological culture fluidထဲ ထားကြည့်တဲ့အခါ ဗိုင်းရပ်စ်ပွါးနှုန်းကို 30 ~ 40% လျှော့ချပေးတယ် ဆိုပါတယ်။ လက်တွေ့စမ်းသပ်ချက်အရ အကြမ်းအားဖြင့် ၁၀နာရီအကြာမှာ အဲဒီလို ထင်ရှားတဲ့ ရလာဒ်ကို ရတာဖြစ်ပြီး အများအားဖြင့် ဗိုင်းရပ်စ်တွေ ထက်ဝက်နီးပါး သေဆုံးကုန်ပါတယ်။ မှိုရဲ့ Extract က ဗိုင်းရပ်စ်ကို တိုက်ရိုက်တိုက်တာ မဟုတ်ဘဲ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပြီး ဗိုင်းရပ်စ်ပွါးနှုန်းဖိနှိပ်ခြင်းမှာ ကူညီပေးပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်က ဘယ်လိုပြောင်းလဲပါစေ မှိုရဲ့ ကိုယ်ခံအားတက်စေတဲ့နှုန်းက မပြောင်းလဲဘူးဆိုပါတယ်။
"မအိတကဲ"မှိုကို စားရာမှာ ကိုယ်ခံအား တက်စေတာက သူကထွက်တဲ့ အရည်ဖြစ်လို့ အရည်ဟင်းတွေ လုပ်စားတာ အကောင်းဆုံးပါတဲ့။ ခုလို အေးလာတဲ့အချိန်မို့ ဂျပန်က အိမ်တော်တော်များများ "နဘဲ"(ကြေးအိုး) လုပ်စားကြပါတယ်။ ကြေးအိုးထဲ "မအိတကဲ"မှိုလည်း ထည့်စားကြတယ်။ အဲဒီအခါ မှိုကိုဘဲစားရင် အကျိုးသက်ရောက်မှု မရှိပါဘူး။ မှိုထဲပါတဲ့ β-Glucansက ရေပျော်ဓာတ်ဖြစ်လို့ (water soluble) အပူပေးရင် အားလုံး အပြင်ထွက်ကုန်ပြီး အရည်ထဲ ရောက်သွားပါတယ်။ ဒါကြောင့် ကြေးအိုးရဲ့ အရည်ကို သောက်ပါမှ အကျိုးရှိမှာပါ။
တန်ဆေးလွန်ဘေးဆိုတာမို့ တရားလွန်စားရင်တော့ မကောင်းပါဘူး။ တနေ့ကို တစ်ရာဂရမ်က သင့်တော်တဲ့ မှန်းခြေဖြစ်ပါတယ်။
(တုပ်ကွေးကာကွယ်ဖို့ရာ β-Glucansပါတဲ့ မှိုတွေအပြင် Vitamin Aပါတဲ့ ကြက်အသည်း ဝက်အသည်း စတာတွေလည်း စားသင့်ပါတယ်တဲ့။)

ရေးသားသူ.......မမြရွက်ဝေ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....