Tuesday, November 17, 2009

အဆာဟိတွင်ဖေါ်ပြထားသော အမေရိကန်ASEANထိပ်သီးခေါင်းဆောင်များအစည်းအဝေး


စင်္ကာပူနိုင်ငံတွင် နိုဝင်ဘာလ(၁၅)ရက်နေ့က ကျင်းပပြုလုပ်တဲ့ APECညီလာခံမှာ အမေရိကန်သမ္မတအိုဘားမားကASEANအသင်းဝင်
(၁၀)နိုင်ငံခေါင်းဆောင်များနဲ့ သီးခြားအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဟာ သမ္မတအိုဘားမားအနေနဲ့ အာရှပစိဖိတ်ဒေသအား

ပါဝင်ပါတ်သက်အားဖြည့်ခြင်းကို ဦးစီးဦးဆောင်ပြုတဲ့ ပုံသဏ္ဍာန်အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။
မြန်မာ့အရေးနှင့်ပါတ်သက်ပြီး သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ကို မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့ပါတယ်။
သမ္မတအိုဘားမားအနေနဲ့ ASEANနဲ့ ပူးပေါင်းပြီးပြေလည်ကျေအေးစွာ ဖြေရှင်းရေးလမ်းစကို ရှာဖွေစမ်းသပ်လိုက်ခြင်း

ဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။
ဂျပန်နိုင်ငံတိုကျိုမြို့တွင် ပြောကြားခဲ့တဲ့ မြန်မာ့အရေးနှင့်ပါတ်သက်တဲ့ ပေါ်လစီကို ထုတ်ဖေါ်ပြောဆိုခဲ့ပြီးနောက်မှာ
သမ္မတအိုဘားမားသည် ASEAN၏ အလှည့်ကျဥက္ကဌ ဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးနှင့်အတူ သတင်းထောက်အုပ်စုရဲ့ အင်တာဗျူးခြင်းကို
လိုက်လျောရင်း မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်သော စစ်အုပ်စုမှဝန်ကြီးချူပ်သိန်းစိန်အား

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို လှိုက်လှိုက်လှဲလှဲ တောင်းဆိုကြောင်း ပြောကြားသွားခဲ့ပါတယ်။
ASEAN(၁၀)နိုင်ငံခေါင်းဆောင်များနှင့် သီးခြားဆွေးနွေးခဲ့တဲ့ ၄င်းအစည်းအဝေးတွင်....
အမေရိကန်အစိုးရအနေဖြင့်....ဝန်ကြီးချူပ်သိန်းစိန်နှင့်ASEANထိပ်သီးခေါင်းဆောင်များအား နိုဝင်ဘာလ(၁၄)ရက်နေ့တွင်
တိုကျိုတွင်ပြောကြားခဲ့သော မိန့်ခွန်းကိုဖေါ်ပြရင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးသော နိုင်ငံရေးအကျဉ်းသားများအား
ခြွင်းချက်မရှိ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်မှန်၍တန်ဖိုးရှိသော ဒီမိုကရေစီဖြစ်ပေါ်လာသည်အထိ sanctionကို ဆက်လက်
ပြုလုပ်သွားမယ်လို့ အလေးအနက်ပြောဆိုခဲ့ပါသည်။
ဝန်ကြီးချူပ်သိန်းစိန်အနေဖြင့်.... အမေရိကန်က ယခုကဲ့သို့ထုတ်ဖေါ်ပြောကြားခြင်းကို ဘာတခုမျှတုန့်ပြန်ခဲ့ခြင်းမရှိ၊

ဆွေးနွေးပွဲပုံစံအနေအထားအားဖြင့်....အမေရိကန်နှင့်မြန်မာ ထိပ်သီးခေါင်းဆောင်များ သီးခြားအနေဖြင့် ဆက်ဆံခြင်း
အခန်းကဏ္ဍမရှိ။
အစည်းအဝေးပွဲအပြီး ထုတ်ဖေါ်ပြောကြားသွားသော အားလုံး၏အသံ......မြန်မာ့အရေးနှင့်ပါတ်သက်၍ တစိတ်တဒေသအနေဖြင့်

ဆွေးနွေးခြင်းကို တည်ဆောက်နိုင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်သော ပြောဆိုဆွေးနွေးခြင်းမှာ စုစည်းမှုမရှိပဲ

ယခုအချိန်အထိ အကန့်အသတ်များအတွင်း၌ ရပ်တန့်နေခဲ့ပါသည်။
ASEANအနေဖြင့်..... ယခုနှစ် ဇူလိုင်လတွင်ကျင်းပခဲ့သော ASEANနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သော
ဒေါ်အောင်ဆန်းစုကြည်၏အမည်နာမကို သီးသီးသန့်သန့်ထားပြီး လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ခြင်းကို ယခု

(ဆင်ခြင်သုံးသပ်ပါ)ဟု မှတ်ချက်ပေးခဲ့ပါသည်။
ထိုနေ့တွင် ထိပ်သီးခေါင်းဆောင်များက ရှေ့နှစ်တွင်လည်း ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပရေးကိုလည်း

သဘောတူညီခဲ့ကြသည်။
အိုဘားမားအစိုးရနေဖြင့် မြန်မာစစ်အစိုးရအား မုန်းတီးသောသဘောကို ကွယ်ဝှက်ထားဟန်မရှိသော သမ္မတဘုရှ်၏
လမ်းစဉ်ကိုခွဲထွက်ပြီး အမေရိကန်နှင့်ASEANညီညွတ်စွာ ဆက်ဆံရေးကိုတည်ဆောက်မည့် ခြေတလှမ်းအဖြစ် တိုးဝင်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေနှင့် အမေရိကန်၏ ပြောင်းလဲဆက်ဆံလာသော ပေါ်လစီကို သဘောတူပြီး စစ်အစိုးရအနေဖြင့်

ဒေါ်အောင်ဆန်းစုကြည်နှင့်စကားပြောခြင်းကို စတင်နေပါသည်။
စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုရင်တောင်မှ ရွေးကောက်ပွဲမှာ စစ်အစိုးရက အကျိုးမယုတ်စေတဲ့
အကြံအစည်နည်းလမ်းများ၊စည်းကမ်းသတ်မှတ်ချက်များ၊သုံးသပ်ချက်များ ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်က အနောက်အုပ်စုနှင့်ဂျပန်တွင် လှုပ်ရှားနေသောNLD၏ လှုပ်ရှားမှုများကို တွဲဖက်ရင်းနှင့်ပင် ရွေးကောက်ပွဲတွင်
ပါဝင်ခြင်းမရှိဟူသော လမ်းစဉ်ကိုလည်း ပြန်လည်သုံးသပ်မယ့် အနေအထားမျိုးတွင်ရှိနေပါသည်။
အမေရိကန်အစိုးရသည် ASEAN၏အရေးပေးမှုအနေအထားပေါ်မူတည်ပြီး ပါဝင်ပါတ်သက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ (ယခုအချိန်မှစ၍ ဘာဆက်လုပ်ကြမလဲ)၊ (လှုပ်ရှားမှုတခုတခုကို ပြသမလား) ဟူ၍ အားလုံး၏ အာရုံစူးစိုက်ခြင်းကို ခံနေရပါသည်။
ASAHI SHINBUN 2009.11.16

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....