Saturday, April 30, 2011

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အစိုးရ အပေါ်သုံးသပ်ချက်နဲ့ ပြည်သူသို့ အသိပေး တင်ပြချက်

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အစိုးရ အပေါ်သုံးသပ်ချက်နဲ့ ပြည်သူသို့ အသိပေး တင်ပြချက် (မြန်မာလို)

ဖတ်ရန်

Friday, April 29, 2011

Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ခိုက် နေမှုများ ခေတ္တ ရပ်တန့်ထား

Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ခိုက် နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ရပ်တန့် ထားလိုက်ကြောင်း သတင်း ရရှိပါသည်။ Blinker Hacker အဖွဲ့မှ ထိုသို့ ရပ်တန့် လိုက်ခြင်းမှာ အများ ပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက် နေပါသည်ဟု နအဖမှ ပြောကြားချက်နှင့် ပက်သက်ပြီး အမှန် တကယ် ထိခိုက်မှု ရှိ မရှိကို အများ ပြည်သူများ သိရှိ စေရန် ဖြစ်ပြီး ၊ ထိုသို့ ရပ်တန့် ထားချိန်တွင် အများ ပြည်သူ သုံးစွဲနေသော အင်တာနက် လိုင်းများ ပြန်လည် ကောင်းမွန် လာခြင်း ရှိမရှိကို စောင့်ကြည့် နေမည် ဖြစ်ပါသည်။

အများ ပြည်သူများ အနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန် တိုးတက် လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkhackergroup@gmail.com သို့ တိုက်ရိုက် သတင်း ပေးပို့ ဆက်သွယ် နိုင်ကြောင်း blinker hacker group မှ ယနေ့မှ စတင်ပြီး တစ်လခန့် စောင့်ကြည့် နေမည် ဖြစ်ပြီး တိုးတက် ကောင်းမွန် လာခြင်း မရှိပါက နအဖ ၀န်ကြီး ဌာနလိုင်းများ စစ်တပ် အသုံးပြု နေသော ကွန်ရက်များကို ယခုထက် ပိုမို မြှင့်တင်ပြီး တိုက်ခိုက် သွားမည်ဟု ပြောကြား ပါသည်။ မြန်မာ ပြည်တွင်း အင်တာနက် လိုင်းများ အသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက် ထားရှိပြီး se me we 3 ရေအောက် ဆက်ကြောင်း ဖြင့်လဲ ဆက်သွယ် ထားရှိပါသည်။ အများ ပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက် ထားရှိပေးပြီး Inland gateway များကို စစ်တပ်နှင့် ၀န်ကြီး ဌာန များမှသာ ရယူ သုံးစွဲနေခြင်း ဖြစ်သဖြင့် အဖွဲ့ အနေဖြင့် အများ ပြည်သူ သုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ တိုက်ခိုက် နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက် နေခြင်းကြောင့် အများ ပြည်သူ သုံးစွဲမှု ထိခိုက်ခြင်း မရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ၀န်ကြီး ဌာနများ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။

အများ ပြည်သူများ အနေဖြင့် နအဖ မှ ပြည်ပ တိုက်ခိုက်မှုကြောင့် အင်တာနက် လိုင်းများ နှေးကွေး နေသည် ဆိုသည့် သတင်း ဖြန့်ချီချက်အား နားမယောင်ကြပါရန်နှင့် ယခု တိုက်ခိုက်မှု တစ်လခန့် ရပ်နား လိုက်ချိန်တွင် အမှန်တကယ် တိုက်ခိုက်မှုကြောင့် နှေးကွေးခြင်း သို့မဟုတ် နအဖ မှ အများပြည်သူများ အား အင်တာနက် အသုံးပြုမှု သတင်းအချက်အလက် စီးဆင်းမှု အဝေးရောက် မိသားစုများ online တွေ့ဆုံမှု စသည့် လူမှု အခွင့်အရေး များကို ပိတ်ပင် တားဆီး ချင်သော စေတနာဆိုး လား ဆိုသည်မှာ အများ ပြည်သူများ လက်တွေ့ သိရှိ လာမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

မြန်မာ နိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အဆိုးဝါးဆုံး အင်တာနက် ပိတ်ပင်မှု နိုင်ငံ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး အများ ပြည်သူ သုံးစွဲနေသော အီးမေးလ် နှင့် ကိုယ်ရေး ကိုယ်တာ အချက်အလက် များကို ကြားဖြတ် စောင့်ကြည့် ရယူနေမှုများလဲ ပြုလုပ်လျက် ရှိပါသည်။ အများ ပြည်သူများ ယခု သတင်းကို ဆက်လက် ဖြန့်ဝေ ပေးပါရန်နှင့် မိမိတို့ ဒေသတွင်း အင်တာနက်လိုင်းများ ကျဆင်းမှု များကို အီးမေးလ်ပေးပို့ ရန် မေတ္တာ ရပ်ခံပါသည်။

ဆက်သွယ်ရန် blinkhackergroup@gmail.com (not for chatting)
http://www.blinkhackergroup.net သို့ ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။

Tuesday, April 26, 2011

လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ရန် ဆန္ဒပြ


၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက်။

နအဖ စစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှ မြန်မာနိုင်ငံတွင် အစိုးရ ပြောင်းလဲ သွားပြီဖြစ်၍ ဂျပန် စီးပွါးရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ ၀င်ရောက် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင် ဟောပြောပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။

ဟောပြောပွဲကို တိုကျို ကုန်သည်ကြီးများအသင်း အဆောက်အဦး-၇ ထပ်-အပြည်ပြည်ဆိုင်ရာကွန်ဖရင်၌ ယနေ့ နံနက် ၁၀း၀၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ပ ကုန်သွယ်ရေးအဖွဲ့မှ စီမံကိန်းဌာနခွဲ-မစ္စတာ ကိုဇိမ အဲတာရော နဲ့ မြန်မာသံအမတ်ကြီး ဦးမောင်တင် တို့မှဟောပြော သွားတယ်လို့ သိရပါသည်။ “ လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ပါနဲ့ ” ဂျပန်သာဘာဖြစ် ဟောပြောသည့် ခမ်းမရှေ့၌ ဆန္ဒပြ ကြွေးကျော်ခဲ့ကြပါသည်။
လက်ရှိ နအဖ အစိုးရအသစ်ဟာ စစ်ယူနီဖေါင်းလဲ ဟန်ပြ အရောင်ဆောင်ထားသော အစိုးရသာဖြစ်ပြီး မပြောင်းလဲ သေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအား ယနေ့ထိတိုင် အကျဉ်းထောင်များတွင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူအခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ရှိနေဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသတွေမှာလဲ ထိုးစစ်ဆင် တိုက်ခိုက်နေမှုဟာ ယနေ့ချိန်ထိ ပြုလုပ်နေဆဲ ဖြစ်ကြောင်းကို အင်္ဂလိပ် ဂျပန် နှစ်ဘာသာဖြစ် ဖြန့်ဝေခဲ့ပါတယ်။ မြန်မာပြည်ရဲ လက်ရှိပကတိ အနေအထားကို သိရှိစေရန်အတွက် ပြည်တွင်း NLD မှ ပညာရှင်များ သုံးသပ်ထားသည့် စီးပွါးရေး စစ်တမ်းကို ဆန္ဒပြပွဲတွင် ဖြန့်ဝေခဲ့ပါသည်။

MAi Kyaw Oo
Photo ( Aung Htoo Thein )

Monday, April 25, 2011

ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် Miyagi Kan ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားသွားသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်။


၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားအလှူမှာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ယခုသွားရောက်မည့် ခရီးစဉ်ကို ဧပြီလ ၃၀ ရက်နေ့ည တွင် စတင်ထွက်ခွာပြီး Miyagi Kan, Ishinomaki Volunteer Center သို့ တရက်သာ သွားရောက် လုပ်အားပေးမည်ဖြစ်ပါသည်။

ဤခရီးစဉ်သည် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ် သန့်ရှင်းသော စေတနာ သက်သက် ခရီးစဉ် တခုဖြစ်ပါသည်။ သွားရောက်မည့် ခရီးစဉ်တွင် အစီအစဉ် (၁) မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများမှ စုပေါင်း လှူဒါန်းထားသော ငွေများကို ပေးအပ်ခြင်း၊ (၂) ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများ လူဦးရေ ၃၀၀ ကို နေ့လည်စာ ထမင်းတနပ် ချက်ပြုတ် ကျွေးမွေးခြင်းနှင့် (၃) လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်ခြင်းအစီအစဉ် ၃ ခု ပါဝင်ပါသည်။

ယနေ့ သွားရောက် လုပ်အားပေး နိုင်ရန်အတွက် မှတ်ပုံတင် စာရင်းသွင်းလုပ်ငန်းများ Takadanobaba အရပ်ရှိ SHiokatsu Center 5f, မှာ လက်ခံဆောင်ရွက်ပြီး လာရောက် စာရင်းပေသွင်းသူ စုစုပေါင်း(၉၀)ဦး ရှိကြောင်း သိရှိရပါသည်။ ၁၆ ဦးမှာ ချက်ပြုတ် ကျွေးမွေးရေးတွင် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန် ၇၄ ဦးမှာ လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ချက်ပြုတ် ကျွေးမွေးရန် ပစ္စည်းတင်ကား အပါအ၀င် ကား (၅)စီး စီစဉ်ထားပြီး တိုကျိုသို့ မေလ ၂ ရက်၊ တနင်္လာနေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ကြောင်းသိရပါသည်။

တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လက်ပါခြင်း မရှိသော်လည်းပဲ မိမိတတ်နိုင်သည့်ဘက်က အလှူငွေ ထည့်ဝင်ခြင်း၊ အစားအသောက် ပစ္စည်းများ ပေးပို့လှူဒန်းခြင်းများ ပြုလုပ်ကြပြီး နောက်ထပ်တကြိမ် လုပ်အားပေး ခရီးစဉ်အား စီစဉ် ဆောင်ရွက်ပေးပါရန် စသည့် တိုက်တွန်းသူများလဲ များစွာတွေ့ရကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ်သန့်ရှင်းသော စေတနာ နှင့် ဒုက္ခရောက်နေသူကို ကူညီတတ်သည့် မြန်မာများတို့၏ စိတ်ဓါတ်ကို အခုလို မြင်တွေ့လိုက်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း တင်ပြအပ်ပါသည်။

သတင်းမှတ်တမ်း။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Sunday, April 24, 2011

ဂျပန်ငလျင်နဲ့ဆူနာမီအတွက်လုပ်အားပေးလိုက်မည့်သူများသိစေရန်

ခေါင်းစဉ်နှိပ်၍စာဖတ်နိုင်ပါသည်။

 Volunteer Trip Principle

Saturday, April 23, 2011

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

ဧပြီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်း အတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။)

အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြား လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒိန်းမတ် ကျောင်းသားများ၊ ဆရာများနှင့် ဒီချုပ်ရုံးတွင် ဧပြီလတွင် ဓါတ်ပုံ အတူတကွ ရိုက်ကူးစဉ်။ ဓါတ်ပုံ - Laila Felicia Lautrop Pichot de Champfleury သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာ အမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက် မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆို သုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။

ကျမတို့ အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသား အဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေး ဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြုံးပိုင်ရှင်လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။

Thursday, April 21, 2011

လစာတိုးရင် ပျော်နိုင်မှာလား

ph by ; http://www.france24.com
လစာတွေ တိုးပေးတော့မယ် ဆိုတဲ့ အသံ ထွက်လာတော့ လူတွေကြားမှာ လှုပ်လှုပ်ရွရွ၊ ကုန်ဈေးနှုန်းက ခုန်ဆွခုန်ဆွ၊ ခုထိဘာမှ မသေချာ မရေရာ သေး။ ကောလဟာလလား၊ မီးဖိုချောင် သတင်း (Galley Message) လေလားမသိ၊ တိုင်းပြည် တနံတလျားမှာတော့ ပြောသံဆိုသံတွေ ညံလာလိုက်၊ ပြန်ငြိမ် သွားလိုက်။

ကျနော်တပ်ထဲကို စပြီးရောက်ခါစမှာပဲ လစာတိုးတဲ့ အချိန်နဲ့ကြုံခဲ့ရပါ တယ်။ များများစားစားတော့ မဟုတ်ပါဘူး။ တပ်သားသစ် လစာ သုံးရာ့ငါး ဆယ်ကျပ် ကနေ လေးရာ့ ငါးဆယ်ကျပ်၊ သန္ဓေ၀င် စစ်သည် လစာ လေးရာ့ ငါးဆယ် ကျပ်ကနေ ခြောက်ရာကျပ် အထိ တိုးပေး လိုက်တာပါ။ ပြီးတော့ ရိက္ခာ စုကြေး ငွေကိုလည်း တနေ့ နှစ်ကျပ်ခွဲ ကနေ ငါးကျပ် ဖြစ်သွားတာကို မှတ်မိနေတယ်။

၁၉၉၆ ဧပြီလမှာ ထင်တယ်၊ ၀န်ထမ်း အားလုံး (၁၀) လစာကြိုတင် ထုတ်ချေးငွေနဲ့ ထပ်ပြီး ကြုံရပြန်တယ်။ ကျနော်တို့ ကာကွယ်ရေး ၀န်ထမ်းတွေ ရတဲ့ ချေးငွေက (၁၀) လစာအတွက် လစာငွေထက် နည်းနည်း ပိုများတယ်။ စစ်သည် တဦး ကို တသောင်း တထောင် ကျပ်နှုန်း ရပြီး တပ်ကြပ်ကြီး တဦးကို တသောင်း ငါးထောင် ကျပ်နှုန်း ချေးငွေရတာပါ။ ရွှေတ ကျပ်သားကို နှစ်သောင်းကျပ် နီးပါး ရှိတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကျနော် ဟိုင်းကြီးကျွန်း၊ ပမ္မ၀တီ ရေတပ်စခန်းဌာန ချုပ်မှာ အမှုထမ်းနေချိန်။ ဌာနချုပ်မှူးက ဗိုလ်မှူးချုပ် မြင့်ဆွေ (နောင် ရန်ကုန်တိုင်း မထသ ကြီးကြပ်ရေး ဥက္ကဋ္ဌ)၊ ဒုဌာ နချုပ်မှူးကတော့ ဗိုလ်မှူးကြီး ခင်မြင့် (နောင်တရားသူကြီး အဖွဲ့ဝင်) ပါ။ ချေးငွေရတဲ့ အချိန်မှာ ဌာနချုပ် အစီအစဉ်နဲ့ တပ် သက်သာ ချောင်ချိရေး လုပ်ငန်း တခု လုပ်ခဲ့ကြတယ်။

ကျနော် မှတ်မိသလောက် ပြောရရင် ဗိုလ်မှူး စိုးလှိုင် ရန်ကုန်ကို သွားရင်း ရေထွက် သယံဇာတပစ္စည်း ရှာဖွေ ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်တခု ရလာတယ်။ အဲဒီလိုင်စင်ကို အရင်းတည်ပြီး PGE (Pammawaddy General Enterprise) လုပ် ငန်းစုတခုတည်ထောင်လိုက်တာ။ လုပ်ငန်း အစုရှယ်ယာ တခုကို တထောင်ကျပ် နှုန်း သတ်မှတ်ပြီး အရာရှိ၊ စစ်သည် တွေကို အချိုးကျ ထည့်ဝင်စေပါတယ်။ အစုစပ် လုပ်ငန်းမှာ ရေထွက် ပစ္စည်း လိုင်စင် အပြင်၊ ဒေသထွက် ဆားဝယ်ယူ၊ သိုလှောင်၊ ရောင်းဝယ်ရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။ ကျနော်တို့ ချေးငွေ ထုတ်ယူတော့ တပ်မှူးက လုပ်ငန်းအစု ရှယ်ယာ များများ ထည့်ဝင်ကြဖို့ တိုက်တွန်း ဆော်သြပြီး အမှန်တကယ် အကျိုးအမြတ်ရမဲ့ လုပ်ငန်းလို့ ပြောပေမယ့် ကျနော်တို့ စစ်သည်တွေ ကတော့ ရင်းနှီး မြှုပ်နှံဖို့ စိတ်ထက်သန်မှု သိပ်မရှိပါ။ တပ်မှူးစိတ်ကျေနပ်အောင် ရှယ်ယာတစု ထည့်ဝင်သူများ ပါတယ်။

ပြောရမယ် ဆိုရင် အစုစပ် လုပ်ငန်းလုပ်တဲ့ ပထမနှစ်မှာ ပြောထားတဲ့ အတိုင်း အမြတ်အစွန်း ထိုက်ထိုက် တန်တန် ခံစားရ ပါတယ်။ သို့ပေမယ့် ငွေထည့်ဝင်ပြီး (၆) လလောက်ကြာမှ အမြတ်စပြီး ဝေပေးတာမို့ မစောင့်စားနိုင်သူ တချို့က ရှယ် ယာလက်မှတ်ကို အရှုံးခံပြီး ပြန်ရောင်းပစ် လိုက်ကြတယ်။ လုပ်ငန်း လုပ်ပုံကတော့ ဒေသခံ ရေလုပ်ငန်း လုပ်သူတွေကို လိုင်စင် မိတ္တူ ငှားရမ်း ချထားတာပဲ။ ပထမပိုင်းမှာ မျှော့ငုပ်တဲ့ လှေတစီးကို တလ အတွက် ငါးထောင်ကျပ်နဲ့ ငှားရမ်းပါ တယ်။ အလှကုန်မိတ်ကပ်လုပ်ရာမှာအသုံးပြုတဲ့ ဗောင်းခရု (ကြွေသားပါသော ပင်လယ် ခရု တမျိုး) ရှာဖွေတဲ့ လှေအချို့လည်း လုပ်ကြတယ်။ အရင်က ဟိုင်းကြီးဒေသမှာ ဒီလိုလုပ်ငန်းတွေ ခေတ်မစားသေးပါဘူး။ မြေစမ်း ခရမ်းပျိုး သဘောမျိုး လုပ်ကိုင်ကြရင်း လုပ်ငန်း အောင်မြင် သွားလေတော့ လှေစီးရေ ပိုများလာပြီး ဈေးပြိုင် စနစ် ဖြစ်သွားတာ နောက်လ တွေမှာ လှေတစ်စီးကို သုံးသောင်းကျပ် အထိ ဈေးမြင့် သွားပါတယ်။ လှေစီးရေ ရာနဲ့ချီပြီး လုပ်ကိုင် လာကြတာမို့ PGE လုပ်ငန်း အမြတ်ငွေ သဲ့ပြီး ရလိုက်ပါတယ်။ ဆား လုပ်ငန်းကတော့ အခြေအနေ သိပ်မကောင်းပါ။ နှစ်ကုန်လို့ စာရင်းချုပ် လိုက်တဲ့အခါ ရှယ်ယာ တစောင် အရင်းငွေ တစ်ထောင်ကျပ် အတွက် အမြတ်ငွေ ခြောက်ထောင် ကျပ်လောက် ခွဲဝေ ပေးနိုင်ခဲ့တယ် ခင်ဗျ။

ဒေသခံ ရေလုပ်ငန်း သမားတွေလည်း အကျိုး ဖြစ်ထွန်း ပါတယ်။ တချို့ လုပ်ငန်းရှင်တွေ ဆိုရင် လုပ်ငန်း တစ်ရာသီ အတွင်းမှာ စက်လှေဝယ် အိမ်သစ် ဆောက်နိုင်ကြတဲ့ အထိပါ။ မထင်မှတ်ဘဲ လုပ်ငန်း အဆင်ပြေ ကြတော့လည်း နောင်နှစ် ခါမှာ ဆတက် ထမ်းပိုး တိုးပြီး လုပ်ကိုင် ကြဖို့ မျှော်လင့် မိတာပေါ့။ သို့ပေမယ့် နောက် တနှစ်မှာ အဲဒီ ရေလုပ်ငန်း လိုင်စင်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ရယူသွား ပါတော့တယ်။ စစ်သည်တွေ မျှော်လင့်တကြီး ထည့်ဝင်ထား တဲ့ PGE ရှယ်ယာတွေဟာ ဆားလုပ်ငန်း တခုတည်း အပေါ်မှာသာ အမှီပြုထားရပြီး ဆား ဈေးကလည်း မကောင်းတော့ ရှယ်ယာအရင်း ပြန်ပေးနိုင်ဖို့တောင် အတော် ခဲခဲယဉ်းယဉ်း ကြိုးစားရတဲ့ အနေအထားကို ရောက်သွား ပါလေရော။

ဒါပေမယ့် ချေးငွေကို နှစ်နှစ်အတွင်း အရစ်ကျ ပြန်လည် ပေးဆပ်ရတာမို့ လစာ ခြောက်ရာကျပ် ရတဲ့ စစ်သည် တဦး အတွက် ချေးငွေက လေးရာလောက် ဆပ်နေရတော့ နှစ်ရာပဲ ကျန်တော့တာပေါ့။ ကျွေးဆပ်တဲ့ ကာလ တနှစ်ပြည့်ချိန်မှာ ယာယီ ဆိုင်းငံ့ ပေးခဲ့လို့သာ တော်သေးတာ။ ကိုယ်ချင်းစာ တတ်တဲ့ အရာရှိတချို့က စစ်သည်တွေကို ပြောတယ်။ “မင်းတို့ မိသားစုတွေ ပိုက်ဆံနှစ်ရာနဲ့ တလလုံး ဘယ်လို သုံးကြသလဲ၊ မင်းတို့ကို ချီးကျူးတယ်ကွာ၊ ငါသာ ဆိုရင် တပ်က လစ်တာကြာပြီ” တဲ့။ ကျနော်တို့ တပ်မှူးက ဆိုရင် စစ်သည် တယောက် တပ်က ပြေးသွားကြောင်း သတင်းပို့ လိုက်တိုင်း “အေး..ကောင်းတာပေါ့ကွာ၊ တယောက်တော့ လွတ်မြောက် သွားပြန်ပြီပေါ့” လို့ အမြဲ ပြောလေ့ ရှိတယ်။

စစ်သည်တွေဘာလုပ်ကြလဲဆိုတော့ ဟိုင်းကြီးတောင်ပေါ်တက်ပြီး ဟင်းရွက် ခူးတယ်၊ ထင်းခုတ် ရောင်းတယ်၊ လယ်ကွင်း ထဲမှာ အိုင်ပက် ကြတယ်။ အိမ်ထောင်သည် လိုင်းခန်းတိုင်းမှာ ညှော်နံ့တွေ သင်းလို့။ အပြိုင်အဆိုင် မုန့်လုပ် ရောင်း ကြတာလေ။ တပ်တွင်း သက်သာ လဘက်ရည်ဆိုင်တွေမှာ အလုအယက် မုန့်ပို့ကြရင်း ရန်ဖြစ်သူတွေဖြစ်ကြနဲ့ ဒီတုန်း ကတော့ စိတ်ညစ်လိုက်ရတာ ခုပြန်တွေးကြည့်တော့လည်း ရယ်ချင်စရာ။

သက္ကရာဇ် ၂၀၀၀ ရောက်တော့ လစာ တစ်ခါတိုး ပြန်တယ်။ ငါးဆ တိတိ တိုးတာပါ။ အဲဒီမှာ အထက်ဌာန အဆင့်ဆင့်က အမိန့် ညွှန်ကြားချက်တွေ တသီကြီး ထွက်လာတယ်။ နိုင်ငံတော်က စေတနာထားလို့ တိုးများလာတဲ့ လစာငွေကို စစ် သည်တွေလက်ထဲ အကုန်ထုတ် ပေးလိုက်ရင် သုံးလိုက် စားလိုက်နဲ့ ကုန်သွားမှာပဲ။ ဒီတော့ နောင်ရေး အတွက်လည်း အထောက်အကူ ရအောင် ဦးပိုင် စီးပွားရေး လီမီတက်က ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်မှာ မဖြစ်မနေ ငွေစုကြရမယ်တဲ့။

မှတ်မိပါသေးတယ်။ ကျနော်တို့ တပ်မှူးက အလံတိုင်ကွင်းမှာ အရာရှိ၊ စစ်သည် အားလုံး တန်းစီပြီး ချွေတာ စုဆောင်း သူဋ္ဌေးလောင်း တရားဟောတယ်။ ၀င်ငွေနည်းလင့်ကစား စုဆောင်းတတ်တဲ့ အကျင့်လုပ်ရမယ်။ ခုချိန်မှာကိုယ်အမှတ် မထင် စုဆောင်းထားတဲ့ ငွေတွေဟာ တနေ့ ကိုယ် လိုအပ်တဲ့ အခါ အရင်းအနှီး ဖြစ်လာနိုင်တယ် စသဖြင့် တရားချလိုက် တာ။ ဆရာဖေမြင့်ရေးတဲ့ “ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲက ချမ်းသာနည်းလျှို့ဝှက်ချက်တွေကိုလည်း ရွတ်ပြသွားသေးတယ်။ သူတို့စိတ်ထဲမှာ စစ်သည်တဦး လစာ သုံးထောင့် ငါးရာကျပ် ရတာကို သုံးမကုန်အောင်ပေါများ နေတယ် မှတ်သလားမသိ။ မြ၀တီဘဏ်တိုးက တနှစ်မှ ၁၃ ရာခိုင်နှုန်းပဲ ရတာ။ မဖြစ်မနေ တလတထောင်ကျပ် စုပေး နေရတော့ နှစ်ထောင့် ငါးရာနဲ့ မိသားစု ဘယ်လို စခန်းသွားကြမှာလည်း သူတို့ မစဉ်းစား ကြဘူး။ တနှစ်ကို ၃၀ ရာခိုင်နှုန်း အမြတ်ရှိတဲ့ ဦးပိုင် ရှယ်ယာ ကိုတော့ ထည့်ဝင်ခွင့် ကန့်သတ် ပိတ်ပင်ထားတယ်။ စစ်သည် အများစုဟာ ကိုယ်ပိုင် ပိုက်ဆံ ကို တကျပ်တိုးနဲ့ ဘဏ်မှာစုပြီး ရပ်ကွက်ထဲမှာ နှစ်ဆယ်တိုးနဲ့ ပြန်ယူ သုံးနေကြတဲ့ အဖြစ်တွေကို မသိမမြင်ကြဘူးထင် ပါ့။

၂၀၀၆ မှာ လစာ ထပ်တိုး ပြန်တော့လည်း ၀န်ထမ်းတွေ အသက်ရှူ မချောင်နိုင်ပါဘူး။ မနားတမ်း တက်နေတဲ့ ကုန်ဈေးနှုန်း ရဲ့ ဒါဏ်က တမျိုး၊ ဟိုမှာ ဒီမှာ စုပါဆောင်းပါ ဆိုတဲ့ ညွှန်ကြားချက် တွေက တမှောင့်နဲ့ ကိုယ်ရတဲ့လစာ ကိုယ်တိုင်စီမံသုံး စွဲခွင့် ဘယ်မှာရှိလို့တုန်း။ လစာ ထုတ်တဲ့ နေ့တိုင်း သုညပေါ် ၀လုံး ထပ်နေတဲ့ ငွေစက္ကူတွေကို ကိုင်ရင်း တလတာ အကြွေး စာရင်းတွေက ရှင်းလို့လင်းလို့ကို လက်စမသတ်နိုင်။ တချို့ဆိုရင် လစာကိုနှစ်ချုပ်နဲ့ ကြိုကန် (ကြိုရောင်း) ထားတာမို့ pay book မှာ လက်မှတ်သာ ထိုးပေးလိုက်ရပြီး အိမ်ကို ခါလီ ပြန်ကြရတာ။

နိုင်ငံ့ ၀န်ထမ်းတွေကို လစာ တိုးပေးတာက ကောင်းပါတယ်။ ၀န်ထမ်း ဆိုတာ နိုင်ငံ့ဝန်ကို ထမ်းပြီး ပြည်သူ့ ဘဏ္ဍာက ထုတ်နှုတ် ပေးတဲ့ လစာကို ခံစားကြရတာ။ ၀န်ထမ်း အများစုဟာ လုပ်ငန်းခွင်မှာပဲ အချိန်ကုန် ကြရတာမို့ ပြင်ပ စီးပွားရေး လုပ်ငန်းနဲ့ အခြား ၀င်ငွေရှိတဲ့သူ အင်မတန် ရှားပါတယ်။ အထူးသဖြင့် အောက်ခြေ အကျဆုံး ၀န်ထမ်းတွေရဲ့ ဘ၀ အာမခံချက်တွေ ရှိဖို့ကို အလေးပေး စဉ်းစား သင့်တာပါ။ အဲဒီ အတွက် ရေရှည် တည်တံ့ဖွံ့ဖြိုးတဲ့ အမြတ်အစွန်းလည်း သေချာတဲ့ ၀န်ထမ်း သက်သာ ချောင်ချိရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ် တယ်လို့ ရိုးရိုးလေးပဲ တွေးမိပါတယ်။ လစာတိုး ပေးရုံနဲ့ မလုံလောက်တာကိုတော့ အကြိမ်ကြိမ် အခါခါ လစာ တိုးပေး နေရတာက သက်သေ ပြနေတယ် မဟုတ်ပါလား။

နေမင်းသူ
၁၉-၄-၂၀၁၁

source by : နေ့သစ်

Wednesday, April 20, 2011

တပ်မတော်သားများ၏ကွန်ရက်ကိုကြိုဆို

မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
မြန်မာ့သမိုင်းမှာ ပြည်သူ့အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူလက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။
“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”
“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”
“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”
NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံနားထောင်ရန်.....

Sunday, April 17, 2011

တိုကျိုတွင် ကျင်းပပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ



သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့်  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မှ ညနေ ၁၆း၃၀ နာရီအထိ Okubo Chiiki Center တွင် Japan Association for Refugees နဲ့ AUN-Japan တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ ဖူကူရှီးမား နျူကလီယား ဓါတ်အားပေး စက်ရုံမှ မတော်တဆ ဖြစ်မှုနှင့် မလိုလားအပ်သော ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ခေါင်းစဉ်နှင့် ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံ အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံခြားသားများ၏ အနုမြူ ပြန်ကြားရေး စင်တာ Citizen's Nuclear Information Center(CNIC)ှ Mr.Phillip White မှ သင်တန်း ပို့ချသွားပါသည်။

(CNIC) အဖွဲ့သည် နျူကလီယားပညာရှင် ၃ ဦးတို့မှ လွန်ခဲ့သည့် ၃၅ နှစ်ခန့်က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အနျူမြူနဲ့ ပတ်သက်သော သတင်းများကို ပြည်သူလူထုအား အသိပေးသော NGO အဖွဲ့အစည်း တခုဖြစ်ပါသည်။ ရှင်းလင်းတင်ပြရာမှာ အနုမြူစွမ်းအင် သုံးစွဲမှုသည် လုံခြုံမှု မည်မျှရှိသည်ကို အာမခံစေကာမူ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း၊ နျူကလီယား၏ ဆိုးကျိုးများ လူသားများအပေါ် အန္တရာယ်ကျရောက်နိုင်သည့် အကြောင်းကိုပါ ယခုလက် ဂျပန်နိုင်ငံတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်နှင့်တကွ အကြယ်တ၀င့် ရှင်းလင်း ဟောပြောသွားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌါန(MOFA) ရဲ့ International Nuclear Energy Cooperation Division မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Takashi Hatori မှ နျူကလီယား မတော်တဆ ဖြစ်မှုနှင့် ပတ်သက်၍ ဂျပန်တွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာ နိုင်ငံများမှ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံရုံးများအား ဖိတ်ခေါ်ပြီး  သတင်းအချက်အလက်များကို ပုံမှန် ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရမှ အစားအသောက် ဘေးအန္တရာယ်ကင်းမှုနှင့် ကျမ္မာရေးအတွက် အနျူမြူ ဓါတ်ရောင်ခြည်၏ ပြန်ပွားမှုကို နေ့စဉ် ဒေသအနှံမှာ ၁ နာရီခြားတခါ တိုင်းထွာပြီး စောင့်ကြည့်နေကြောင်းကို ရှင်းလင်း ပြောကြား သွားပါသည်။

နောက်ဆုံး အစီအစဉ် အနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တာဝန်ခံ Eiji Otsuka,(JAR)မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက မည်သို့ ကြိုတင်ပြင်ဆင် ကာကွယ် ဆက်သွယ် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး အကယ်၍ ဘေးအန္တရာယ် ကြုံတွေ့လာပါက မိသားစုများအတွင်း ဆက်သွယ် တွေ့ဆုံနိုင်ရန်အတွက် ဆုံရပ်ကို ကြိုတင် သတ်မှတ်ထားရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။ ဟောပြောပွဲကို ညနေ ၄း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်လက်မှတ်ရေးထိုးတာင်းဆိုရန်ပြင်ဆင်နေ

မြင့်လှိုင်၊ ဧပြီ ၁၇ ရက်၊ ၂၀၁၁

ပြည်ထောင်စု သမတ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေရှုတဲ့အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုတဲ့စာ ကို နိုင်ငံတော်သမတ ဦးသိန်းစိန်ထံ ပေးပို့ရန် ပြည်တွင်းရှိ အတိုက်အခံများ ပြင်ဆင်နေကြကြောင်း သိရပါတယ်။

ယနေ့မြန်မာက လက်ခံရရှိတဲ့ အဲဒီစာမှာ အစိုးရသစ်ဟာ မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်တဲ့ ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ ဖော်ဆောင်ပေးရမယ့် ကြီးလေးတဲ့ တာဝန်ကို ထမ်းရွက် ဖော်ဆောင်ရမယ့် အစိုးရတရပ် ဖြစ်ကြောင်း၊ သမတကြီးနဲ့ အစိုးရသစ်ဟာ အဲဒီတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်မယ်လို့ ပြည်သူလူထုက ယုံကြည် ကိုးစား မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ စာကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံ့အတွက် ဆောင်ရွက်နေသူများ၊ နိုင်ငံရေး စိတ်ဝင်စားသူများ ၀ိုင်းဝန်း လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း လက်မှတ်များ စုဆောင်းလျက်ရှိကြောင်း ထို လှုပ်ရှားမှု လုပ်ကိုင်နေသူများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ယနေ့မြန်မာကို ပြောပြပါတယ်။

မြန်မာ့နိုင်ငံရေး ပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြဿနာများ အောင်မြင်စွာ ဖြေရှင်းနိုင်ရန် အစိုးရသစ်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ခြင်း၊ အတိုက်အခံ အဖွဲ့အစည်းများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရောက် မြန်မာဒုက္ခသည်များ လုံခြုံစိတ်ချစွာ နေရပ်ကို ပြန်လာနိုင်မယ့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် အပြုသဘောဆောင်ကြောင်း၊ ဒီမိုကရေစီ အနှစ်သာရများကို အကောင်အထည်ဖော်ကြောင်းကို ပြသစေလိုကြောင်းလည်း အဲဒီစာမှာ ရေးသားထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စဟာ မြန်မာအတိုက်အခံများ အစဉ်တစိုက် တောင်းဆိုလာတဲ့ ကိစ္စ ဖြစ်ပြီး မကြာမီက ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးမှာလည်း လွှတ်တော်အမတ်များ တင်သွင်းခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီလို တင်သွင်းစဉ်မှာ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ အခု ပေးပို့မယ့် စာကိုတော့ မြန်မာအာဏာပိုင်တွေ ဘယ်လို တုန့်ပြန်မလဲဆိုတာ မသိရသေးပါဘူး။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)
ပေးပို့သူကိုမြင့်လှိုင်အားကျေးဇူးတင်ပါသည်။

ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ မွန်မြတ်တဲ့ စေတနာ အလှူလိုက်ပါ လုပ်အားပေး လိုသူများ ဆက်သွယ် စာရင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်၊

ကျနော်တို့တတွေ အကြောင်းအမျိုးမျိးကြောင့် မိခင်နိုင်ငံက ထွက်ခွာလာခဲ့ကြတယ်။ ကျနော်တို့ရဲ့ စားဝတ်နေရေးကြောင့် ကျနော်တို့ရဲ့ ပညာရေးကြောင့် ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကြောင့် မိခင်မြေကို စွန့်ခွာလာခဲ့တဲ့ ကျနော်တို့ ဒီနေရာကို ရောက်လာခဲ့ကြတယ်။ ဒီနေရာလေးက ကျနော်တို့ကို ဆီးကြို ထွေးပွေ့ခဲ့တယ်၊ ကျနော်တို့ကို နေရာ ထိုင်ခင်း ပေးခဲ့ကြတယ်။ ကျနော်တို့ကို အသက်ရှင် နေထိုင်ခွင့် ကျနော်တို့ယုံကြည်တဲ့ လမ်းမှာလျှောက်လှမ်းခွင့်တွေ ပေးခဲ့ကြတယ်။

ဒီနေရာဟာ ကျနော်တို့ရဲ့ ဒုတိယ အိမ်ပဲဖြစ်တယ်။ ဒီနေရာလေးဟာ ကျနော်တို့ရဲ့ နားခိုရာပဲဖြစ်တယ်။ဒီနေရာလေးရဲ့ အဆိုးအကောင်း အကျိုးအကြောင်း အားလုံး ကျနော်တို့နဲ့ ဆက်စပ် ပတ်သက်နေတယ်၊ ကျနော်တို့ကို ရိုက်ခတ်နေတယ်၊ ကျနော်တို့ ရောက်နေတဲ့ ဒီနေရာလေးမှာ လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ အင်မတန် ကြမ်းတမ်းတဲ့ သဘာဝဘေးဒဏ် တခုကျရောက်ခဲ့တယ်။ဒီဘေးဒဏ်ကြောင့် လူတွေ အမြောက်အများ အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးအိမ်စည်းစိမ် ပတ်ဝန်းကျင်တွေ မယုံကြည် နိုင်လောက်အောင် ပျက်စီးသွားခဲ့တယ်၊ ဒီလူတွေဟာ ကျနော်တို့ရဲ့ မိသားစုတွေပဲ။ ဒီလူတွေဟာ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေပဲ။ ကျနော်တို့တတွေ အားလုံး ဝေမျှခံစားကြရအောင်၊ ကျနော်တို့တတွေ တတ်နိုင်သမျှ မေတ္တာ တုန့်ပြန်ကြရအောင် အားလုံးကိုဖိတ်ခေါ်ပါတယ်။

ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်ခံခဲ့ရသော နေရာဒေသများသို့ လုပ်အားပေးနှင့် ဂျပန်ငလျင်နှင့် လုပ်အားပေးနှင့် အစား အသောက် ချက်ပြုတ် ကျွေးမွေး အလှူပြုလုပ်မည် ဖြစ်ပါ တယ်၊ ဒါဟာ ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံက ယဉ်ကျေးမှု တခုပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ မွန်မြတ်တဲ့ စေတနာ အလှူပဲဖြစ်ပါတယ်၊


အစီအီအစဉ် (၁)။ ။ မြန်မာနိုင်ငံသားများ။ မြန်မာအဖွဲ့အစည်းများမှ စုပေါင်းလှူဒါန်းထားသော အလှူငွေများ ပေးအပ်လှူဒါန်းမည်၊

အစီအီအစဉ် (၂)။ ။ကယ်ဆယ်ရေး စင်တာများတွင် နေထိုင်နေရသော ဒုက္ခသည်များအတွက် နေ့လည်စာ တနပ် ချက်ပြုတ် ကျွေးမွေး လှူဒါန်းမည်။

အစီအီအစဉ် (၃)။ ။လမ်း အဆောက်အဦး တခုခုတွင် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်မည်၊

သွားရောက်မည့်နေရာ။ ။ မီယာဂိခရိုင်၊ အိရှိနိုမခိ မြို့ (Miyagi ken, Ishinomaki town)

သွားရောက်မည့်နေ့ရက်။ ။ဧပြီလ ၃၀ ရက်နေ့(စနေနေ့) ည ၈ နာရီ စတင်ထွက်ခွာမည်၊

တနင်္ဂနွေနေ့ မနက်ရောက်မည်။ တနင်္ဂနွေ နေ့တနေ့လုံး လုပ်အားပေး ဆောင်ရွက်မည်။ တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် လုပ်အားပေး ရပ်နား၍ ညနေ ၆ နာရီခန့်တွင် ပြန်လည်ထွက်ခွာမည်။ တိုကျိုသို့ မေလ ၂ ရက်နေ့တနလာင်္နေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ပါသည်။ လိုက်ပါ လုပ်အားပေး လိုသူများ ဆက်သွယ် စာရင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်၊

လုပ်အားပေး လိုက်ပါမည့်သူများအားလုံး မိမိစားစရိတ်ြ်ဖင့် လိုက်ပါရမည်ြဖစ်ပါ၍ တဦးလျှင် ယန်း၁၀ ၀၀၀ သတ်မှတ်ထားပါသည်။ အစားအသောက်ချက်ြပုတ် ကျွေးမွေးခြင်း အစီအစဉ်အတွက် ဟင်းလျှာ၊ အစားအသောက်၊ ရေ၊ ဈေးဝယ် စားရိတ် စသဖြင့် ထည့်ဝင် လှူဒါန်း ကြပါရန် နှိုးဆော် တိုက်တွန်း အပ်ပါသည်၊

ဆက်သွယ်ရန်- စုံစမ်းရန်- စာရင်းပေးသွင်းးရန်

ကိုသန်းဆွေ။ ၀၉၀ ၄၉၆၄ ၉၇၁၈ ကိုကျော်ကျော်စိုး။ ၀၉၀ ၆၀၃၁ ၄၈၉၄ ကိုမိုင်ကျော်ဦး။ ၀၉၀ ၉၈၃၁ ၇၁၉၂၊ကိုဇော်မင်းခိုင်။ ၀၉၀ ၉၂၀၀၃၈၃၁ ကိုကိုအောင်။ ၀၉၀ ၁၅၀၆ ၂၈၉၃ ကိုဘုန်းလှိုင်။ ၀၉၀ ၅၃၁၈ ၅၀၅၄ ၊ ကိုမြင့်ဆွေ။ ၀၈၀ ၄၀၀၅ ၇၀၉၈ ကိုမောင်မောင်ဦး။ ၀၉၀ ၆၇၉၈ ၀၁၃၇ ကိုဘုန်းမြင့်ထွန်း။ ၀၉၀ ၄၂၂၁ ၁၉၈၈ ၊ကိုရဲငြိမ်း။ ၀၈၀ ၅၀၇၀ ၀၀၈၀ ကိုလှအေးမောင်။ ၀၉၀ ၂၅၂၅ ၁၉၆၆ ကိုလှိုင်အေး။ ၀၉၀ ၂၂၅၈ ၃၃၀၇ ၊ကိုမြတ်သူ ၀၈၀ ၃၄၂၄ ၂၇၅၉

Saturday, April 16, 2011

မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်းစုပေါင်းပရိတ်ရွတ်ဆုတောင်းမေတ္တာပို့ပွဲဖိတ်ကြား


ဂျပန်နိုင်ငံရောက်မြန်မာဒါယကာ/မများအားဖိတ်ကြားအပ်ပါသည် ။
မြန်မာနှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းစုပေါင်းပရိတ်ရွတ်၊ဆုတောင်းမေတ္တာပို့ ပွဲနှင့်စတုဒိသာကျွေးမွေးဧည့်ခံပွဲကိုအောက်ပါအစီအစဉ်ဖြင့်စုပေါင်းပြုလုပ်မည်ဖြစ်ပါ၍ကြွရောက်ကြပါရန်အသိပေးဖိတ်ကြားအပ်ပါသည် ။
အစီအစဉ်
နေ့ ရက် ။   ။ ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ဦးတန်ခူးလဆန်း(၁၄)ရက်၊(၁၇-၄-၂၀၁၁) တနင်္ဂနွေနေ့ 
အချိန်   ။ နံနက်(၁၁)နာရီ၊ စုပေါင်းကုသိုလ်အဖြစ်ဆွမ်းဆက်ကပ်ပါမည်။
နေရာ ။   သာသနာ့ ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ ချုပ်၊ဂျပန်ဌာနခွဲ၊(IBMO.JP)Sugamo-1-24-8(401)
ဧည့်ခံကျွေးမွေး ။ စတုဒိသာအလှူနေ့ လည်စာဖြင့်ဧည်ခံပါမည် ။
ဆက်သွယ်ရန် ။ ၀၃-၆၃၁၀-၇၁၄၃ ၊၀၉၀-၈၅၁၈-၉၁၃၈

ဆရာတော်နှင့်ဒကာ/မ များ
သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ ချုပ်ါ ၊ဂျပန်ဌာနခွဲ(IBMO-JP)

Wednesday, April 13, 2011

Nuclear အဆင့် ၇ဆိုတာဘာလဲ

ဂျပန်အစိုးရက ဖူကူရှီးမားညူကလီယားအကျပ်အတည်းကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၇ သို့ တိုးမြှင့်လိုက်တယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြားထဲမှာ စိုးရိမ်ရေမှတ်တက်လာခဲ့ပါတယ်။ ”အဆင့် ၇ ဆိုတော့ ကျနော်တို့ဘာလုပ်ရမှာလဲ” ။ ”အဆင့် ၇ ဆိုတာဘာလဲ” ဆိုတဲ့မေးခွန်းတွေဟာ စိုးရိမ်မှုတွေ၊ ဝေခွဲမရမှုတွေနဲ့အတူ ရောပြွမ်းထွက်ပေါ်လာခဲ့ပါ တယ်။

ဒီတော့ ဂျပန်အစိုးရက ပြောတဲ့ အဆင့် ၇ ဟာ ဘာလဲဆိုတာ သိထားဖို့တော့လိုအပ်လာပါပြီ။ အဲဒီအဆင့် ၇ ဆိုတာက International Nuclear Event Scale လို့ခေါ်တဲ့ နိုင်ငံတကာညူကလီယားဖြစ်ရပ်များကို တိုင်းတာသောစကေး အဆင့် ၇ ဆင့်ရှိတဲ့အထဲမှာ အမြင့်ဆုံးနဲ့ အစိုးရိမ်ရဆုံးအဆင့်ဖြစ်ပါတယ်။ အဆင့် သုံည ကနေ ၇ အထိရှိပါတယ်။ အောက်မှာ အရောင်ကွဲတွေနဲ့ဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။

 7 – Major accident အဓိကကျသောမတော်တဆမှု

6 – Serious accident စိုးရိမ်ဖွယ်ရာမတော်တဆမှု

5 – Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု

4 – Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှု

3 – Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်

2 – Incident ဖြစ်ရပ်

1 – Anomaly ပုံမှန်မဟုတ်မှု

0 – Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု

အဲဒီအဆင့် ၇ ဆင့်ကို ဘယ်သူက တိုင်းတာသတ်မှတ်ထားတာလဲလို့ နောက်ထပ်မေးခွန်းထုတ်စရာရှိလာ ပါတယ်။

ညူကလီယားမတော်တဆဖြစ်ပွားလာတဲ့အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သွက်လက် ထိရောက်စွာဆက်သွယ်လုပ်ကိုင်နိုင်ဖို့ဆိုပြီး နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ဟာ ၁၉၉၀ ခုနှစ်မှာ International Nuclear and Radiological Event Scale (INES) ကို သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။

ဘယ်လိုနည်းတွေနဲ့ သတ်မှတ်တာလဲဆိုတဲ့မေးခွန်းကတော့ ပညာရပ်ဆိုင်ရာမေးခွန်းဖြစ်တဲ့အတွက် ရှင်းရှင်းပြောရလို့ရှိရင် ငလျင်တိုင်းတာတဲ့ပုံစံလိုမျိုး လော့ဂရစ်သမ်တွက်ချက်မှုပုံစံတွေနဲ့ နှိုင်းယှဉ်တွက် ထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ အဆင့် ၀ ကနေ အဆင့် ၇ အထိ တခုနဲ့တခုကြားကွာခြားချက်ပမာဏ ဟာ ဆယ်ဆကွာပါတယ်။ ဆိုလိုတဲ့သဘောက အဆင့် ၀ ထက် အဆင့် ၁ က ဆယ်ဆပိုပြင်းတယ်၊ ပိုအန္တရာယ် ကြီးတယ်ဆိုတဲ့သဘောပါ။ အဆင့် ၀ က လူကို ဘေးဥပါဒ်သိသိသာသာမဖြစ်စေဘူးလို့ဆိုတဲ့အတွက် အဆင့် ၇ ဆိုလို့ရှိရင် အဲဒါထက် အဆ ၇၀ ပိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒီတော့ အဆင့် တဆင့်စီဟာ ဘယ်လိုလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၇ Major accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အမြောက်အမြားထွက်ရှိနေပြီး လူ့ ကျန်းမာရေးကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စေတဲ့အတွက် တန်ပြန်အရေး ယူဆောင်ရွက်တာတွေကို သေသေချာချာအစီအစဉ်ချပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကမ္ဘာမှာ အဆင့် ၇ ရောက်တယ်လို့သတ်မှတ်ခံရတဲ့ ညူကလီယားမတော်မဆမှုဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ (ယခင်ဆိုဗီယက်ယူနီယံ) အခုအခါ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းလ် ညူကလီယား ဘေးသင့်မှုဖြစ်ပါတယ်။ စမ်းသပ်မှုလုပ်ရင်းနဲ့ အားကြီးမားလှတဲ့ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကာ ညူကလီယားလောင်စာတွေကနေ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ပတ်ဝန်းကျင်လေထုထဲကို အကြီး အကျယ်ရောက်ခဲ့ပါတယ်။ လူ ၅၆ ဦးသေဆုံးပြီး လူ ၄၀၀၀ လောက်ဟာ ကင်ဆာရောဂါမျိုးစုံခံစားခဲ့ရပါတယ်။ ချာနိုဘိုင်းလ်မြို့ကိုလည်း လုံးဝစွန့်ခွာခဲ့ရပြီး လူမနေတော့တဲ့ အရပ်ဒေသဖြစ်သွားခဲ့ပါတယ်။ ၃၀ ကီလိုမီတာ အထူးကန့်သတ်ဇုံဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ နောက်တခုကတော့ အခုလောလောဆယ် ဂျပန်မှာဖြစ် ပွားနေတဲ့ ဖူကူရှီးမား ညူကလီယားအကျပ်အတည်းပဲဖြစ်ပါတယ်။

အဆင့် ၆ Serious accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ သိသိသာသာချည်းထွက်ရှိနေ ပြီးအဲဒါကို သေသေချချာအစီအစဉ်ရေးဆွဲသတ်မှတ်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဆိုဗီယက်ယူနီယံ Mayak မြို့မှာရှိတဲ့ Kyshtym disaster အဖြစ်အပျက်ပါပဲ။ စွန့်ပစ်ညူကလီယားဒြပ်တွေကို ပြန်လည်အသုံးချဖို့လုပ်တဲ့လုပ်ငန်းစဉ်မှာ အအေးပေးတဲ့စနစ်ချွတ်ယွင်းပြီး ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တန်ချိန် ၇၀ ကနေ ၈၀ အထိ လေထုထဲပျံ့လွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပြည်သူတွေအပေါ် ဘယ်လောက်အတိုင်း အတာအထိ အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာကို မသိခဲ့ရပါဘူး။

အဆင့် ၅ Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု ဆိုတာ ကတော့ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေဟာ အတိုင်းအတာတခုအထိ ပျံ့နှံ့ထွက်တာကိုခေါ်တာပါ။ ဒီလိုဖြစ်လာခဲ့ရင် စနစ်တကျနဲ့စီစဉ်သတ်မှတ်ပြီး တန်ပြန်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ သေဆုံးမှု တွေဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေ ထိခိုက်ပျက်စီး ညူကလီယားလောင်စာတောင့်တွေတစိတ်တပိုင်း အရည်ပျော်တာတွေဖြစ်ခဲ့ပါတယ်။

၁၉၅၇ ခုနှစ် ဗြိတိန်နိုင်ငံ Windscale fire ။ ၁၉၇၉ ခုနှစ် အမေရိကန်ပြည်ထောင်စု Three Mile Island accident ။ ၁၉၅၂ ခုနှစ် ကနေဒါနိုင်ငံ First Chalk River accident ။ ၁၉၆၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ Lucens partial core meltdown ။ ၁၉၈၇ ခုနှစ် ဘရာဇီးနိုင်ငံ Goiânia accident စတဲ့နေရာတွေမှာ ဖြစ်ခဲ့ပါတယ်။

အဆင့် ၄ Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှုဆိုတာကတော့ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အနည်းအကျဉ်းစိမ့်ထွက်ပျံ့နှံ့ခဲ့တာကို ခေါ်တာပါ။ ဒေသတွင်းမှာ စားသောက် စရာတွေနဲ့ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်တားမြစ်တာတွေလုပ်ပြီး အရေးယူဆောင်ရွက်ရတဲ့အဆင့်ပါ။

လူထုကြားမှာ ဓာတ်ရောင်ခြည်သင့်ခံရနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတ်ခံခဲ့ရတဲ့ ကမ္ဘာပေါ် က ညူကလီယားမတော်တဆမှုတွေထဲမှာ တဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုထိခိုက်မှုဖြစ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ ချက်ကိုစလိုဗားကီးယား၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။

အဆင့် ၃ Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်ဆိုတာကတော့ ညူကလီယားစက်ရုံတွေ ၊ ဓာတ်ပေါင်း ဖိုတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေ တနှစ်ကို ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက် ၁၀ မြင့်မား တဲ့အဆင့်ကိုခေါ်တာပါ။ သေလောက်တဲ့အထိမဖြစ်ပါဘူး။ အရေပြားတွေလောင်သွားလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်၊ ဟန်ဂေရီ၊ စပိန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။

အဆင့် ၂ Incident ဖြစ်ရပ် ဆိုတာကတော့ လူတွေဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏဟာ ၁၀ မီလီ ဆီးလ်ဗာ့တ်ပဲရှိပါတယ်။ အလုပ်သမားတွေ ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက်ပိုမိုတဲ့ ရောင်ခြည်သင့် ခံရမှုအဆင့်ဖြစ်ပါတယ်။ စပိန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေမှာဖြစ်ခဲ့ပါတယ် ။

အဆင့် ၁ Anomaly ပုံမှန်မဟုတ်မှု ဆိုတာကတော့ ပြည်သူတွေအနေနဲ့ တနှစ်ရောင်ခြည်သင့်ခံရရင် အန္တရာယ်မဖြစ်စေတဲ့ ပမာဏကို ကျော်လွန်တဲ့အဆင့်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဖြစ်ခဲ့ဘူးပါတယ်။

အဆင့် ၀ ကတော့ Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု ဆိုတာကတော့ ဘေးဥပါဒ်သင့်တဲ့အဆင့်မဟုတ်ပါဘူး။ စလိုဗေးနီးယား၊ အာဂျင်တီးနား၊ ဂျပန်နိုင်ငံတို့မှာဖြစ်ခဲ့ပါတယ်။

ဂျပန်အစိုးရကသတ်မှတ်ခဲ့တဲ့ အဆင့် ၇ ဆိုတာက ဘယ်နေရာကိုသတ်မှတ်ထားသလဲဆိုတာက သာမန်ပြည်သူတွေအနေနဲ့ မသိမဖြစ်သိဖို့လိုအပ်တဲ့အချက်ပါ။ အဲဒီလိုမဟုတ်ရင် ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်နိုင်လို့ပါပဲ။ ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ်ဓာတ်အားပေးစက်ရုံနေရာမှာဖြစ်ပါတယ်။ ဂျပန်အစိုးရက အဲဒီလိုမကြေညာခင်မှာ IAEA ကို ကြိုတင်အသိပေးပြီး ယာယီသတ်မှတ်ထားတယ်ဆိုတဲ့လျှောက်လွှာကို တင်ထားခဲ့တယ်လို့ IAEA ကဆိုပါတယ်။

ကျော်ကျော်စိုး

၃း၅၁ နာရီ

ဧပြီလ ၁၃ ရက် ၂၀၁၁ ခုနှစ်

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ လက်မခံကြောင်း သွားရောက် ရှင်းလင်းတင်ပြ




၂၀၁၁ခုနှစ်၊ ဧပြီလ၊၁၂ရက်။

မတ်လ(၃၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား အသိအမှတ် မပြုသည့် ကန့်ကွက်စာကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ နိုင်ငံခြားရေး ၀န်ကြီးရုံးသို့ ယနေ့ သွားရောက် ပေးပို့ခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး မစ္စတာ ဟီဒဲယူကီ ယဇမ က လက်ခံ တွေ့ဆုံခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ ဦးသိန်းစိန် ဦးဆောင် အစိုးရ အဖွဲ့သစ်အား ကန့်ကွက်ရသည့် အကြောင်းရင်းများကို ရှင်းပြရာမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်မှ အသွင်ပြောင်းလာကြသော အစိုးရဖြစ်တယ်။ လူ့အခွင်းအရေး ချိုးဖေါက်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ချုပ်ခံနေရမှုများ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများကို ယနေ့အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ထားဆဲဖြစ်ကြောင်း တိုင်းရင်းသား  ဒေသများတွင်လည်း လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်မှုတွေ ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ယနေ့တိုင်  ပြလုပ်လျက်ရှိကြောင်း စသည် အချက်များကို သွားရောက် ရှင်းလင်း တင်ပြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအား ကန်ကွက်ကြောင်း သဘောထား ကြေညာချက် တစောင် ပေးအပ်ခဲ့ပါသည်။

သတင်းမှတ်တမ်း။ မိုင်ကျော်ဦး၊ အေးနန္ဒာအောင်

၁၉၈၆တွင်ဖြစ်ပွါးခဲသောချာနိုဘိုင်နူကလီးယားဘေးဒုက္ခနှင့်တတန်းတည်းအဖြစ် ဂျပန်နူကလီးယားတွက်ချက်သူများကယနေ့သတ်မှတ်

နူကလီးယားဓါတ်ရောင်ခြည် အန္တရာယ်ရှိ ဧရိယာအတွင်း အ၀င်အထွက် မလုပ်ကြဖို့ တားမြင့်ပါတယ်

ယနေ့သတင်း
ဂျပန်နိုင်ငံ၏ နူကလီးယား ပြဿနာအဆင့်ကို ၁၉၈၆ တွင် ဖြစ်ပွါးခဲသော ချာနိုဘိုင် နူကလီးယား ဘေးဒုက္ခနှင့် တတန်းတည်းအဖြစ် ဂျပန် နူကလီးယား တွက်ချက်သူများက ယနေ့ သတ်မှတ်လိုက်သည်။

ယခုလို သတ်မှတ်လိုက်ခြင်းက ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်နိုင်သည် အပါအ၀င် ကြီးမားသော မတော်တဆဖြစ်မှု သင်္ကေတ အဖြစ် IAEA ရှုမြင်သည်။

ဂျပန် အနုမြူလုံခြုံရေးရာ အေဂျင်စီ (Nuclear & Industry Safety Agency, NISA) မှ Minoru Oogada ကဆိုးဝါးမှု အဆင့်ကို တိုးမြှင့်ရခြင်းမှာ ရေဒီယမ်ပြန့်နှံ့မှုက ဟင်းသီးဟင်းရွက်၊ သောက်သုံးရေနှင့် သမုဒ္ဒရာအထိပြန့်နှံ့မှု အပေါ်မူ တည်၍ အဆင့်တိုး သတ်မှတ်ရသည်ဟု ပြောဆိုလိုက်သည်။

ပြန်ပြောင်း သတ်မှတ်ရခြင်းမှာ ရေဒီယမ်ဓါတ်ကြွဒြပ် များဖြစ်သော Iodine-131 နှင့် Cesium-137 များ၏ ယိုစိမ့်မှုများကို လျှပ်တပြတ် စစ်ဆေးခြင်းနှင့် စာရင်းအင်း အချက်အလက်များ အပေါ် တွက်ဆခြင်းများ အပေါ် သုံးသပ်မှုအပေါ် အခြေခံသည်ဟု NISA ပြောခွင့်ရပုဂ္ဂိုလ် Nishiyama ကပြောဆိုသည်။

Nishiyama ကပြောဆိုရာတွင် Fukushima ဓါတ်အားပေး စက်ရုံမှာ Chernobyl လို ပင်မ ဓါတ်ပေါင်းဖိုက မပေါက်ကွဲ သော်လည်း၊ ဟိုက်ဒရီုဂျင် ပေါက်ကွဲမှု ရှိခဲ့ကြောင်း မှတ်သားရန် လိုသည်ဟု ပြောဆိုလိုက်သည်။

တိုကျို လျှပ်စစ်မှ Junichi Matsumoto က ယနေ့အထိ ရေဒီယို ဓါတ်ကြွပစ္စည်း မည်မျှကို မတော်တဆ ထုတ်လွင့်ပြီး ဖြစ်သည်ကို တွက်ချက်လျှက်ရှိဆဲဟု ပြောဆိုလိုက်သည်။ သူ့အနေဖြင့် ရေဒီယိုဓါတ်ကြွပစ္စည်း လွင့်ထုတ်မှုမှာ Chernoby မှထွက် ရှိခဲ့သော အတိုင်းအတာ၏ ၁၀ ပုံ ၁ ပုံ ရှိသော်လည်း ယခု အကျပ်အတည်းကို မဖြေရှင်းနိုင်ပါက Chernoby ထက်ပင် ကျော်လွန်နိုင်ကြောင်း ပြောဆိုလိုက်သည်။

သဘာဝဘေး အတွက် ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းသည်ဟု အပြောခံနေရသော TEPCO အနေနှင့် ယနေ့နောက်တကြိမ် တောင်းပန်မှုကို ထုတ်ပြန်ခဲ့ရသည်။ ကျွှန်ပ်တို့အနေနှင့် ယခုအဖြစ်အပျက်ကိုရိုးရိုးသားသား လက်ခံ ရမည်ဖြစ်ကြောင်း၊ ခရိုင်အတွင်း နေထိုင်ကြသော လူများ ဒုက္ခအတိ ရောက်မှုအတွက် အနူးအညွတ် တောင်းပန်ပါကြောင်း ပြောကြားသွားပါသည်။

ဝန်ကြီးချုပ် ကလည်း ပြည်သူများ အနေနှင့် အထိပ်တလန့် မဖြစ်ကြရန်နှင့် သဘာဝဘေးမှပြန်လည်နလံထူ ရေးး ကိစ္စကို အာရုံစိုက်ရန် ပြောကြားသွားသည်။

ယခုFukushima နူကလီးယား စက်ရုံ၏ ဓါတ်ပေါင်းဖိုမှာ တဆင့်ပြီးတဆင့် တည်ငြိမ်လာပြီ ဖြစ်ကြောင်း။ ရေဒီ ယိုဓါတ်ယိုစိမ့်မှု များမှာလည်း တဖြည်းဖြည်း ကျဆင်းလာပြီ ဖြစ်ကြောင်း ပြောကြားသည်။

ကျိုတိုတက္ကသိုလ် ဓါတ်ပေါင်းဖို သုတေသနဌါနမှနူကလီးယား ရူပဗေဒပညာရှင် Hironobu Unesaki က ယခုလိုပြင်ဆင်သတ်မှတ် လိုက်သည့်အပေါ် စိုးရိမ်သောက ဖြစ်ရန် မလိုကြောင်း၊ ရေဒီယို ဓါတ်ကြွမှုကို အားလုံးချုံ၍ သတ်မှတ်ခြင်းဖြစ်၊ ကျန်းမာရေးအတွက် တိုက်ရိုက် ဆက်စပ်မှု မရှိကြောင်း၊ ရေဒီယမ်ဓါတ်ကြွမှု အများစုမှာ အကျပ်အတည်း ကာလအစပိုင်းက ဖြစ်ခဲ့ကြောင်း၊ ဓါတ်ပေါင်းဖိုများ၏ အဓိက အစိတ်အပိုင်းများမှာ အကာအရံ အတွင်း လုံခြုံစွာ ရှိနေကြောင်း ပြောဆိုလိုက်သည်။

ဇော်မင်းခိုင်
၁၂-၄-၂၀၁၁ (၂၁း၃၀နာရီ)
http://www.pnsjapan.org/မှဖေါ်ပြပါသည်။

Monday, April 11, 2011

ငလျင်နှင့် ဆူနားမိ လှုပ်ခတ်သွားသည့် တလပြည့်သည့်နေ့မှာ ပြင်းအား ၇.၁ ငလျင်လှုပ်သွား

ငလျင်နှင့် ဆူနားမိ လှုပ်ခတ်သွားသည့် တလပြည့်သည့် ယနေ့ ညနေ ၅း၁၆ မိနစ်မှာ ဂျပန်နိုင်ငံ IBARAKခရိုင်ကို အခြေပြုကာ FUKUSHIMA,MIYAGI ခရိုင်တို့ တွင် ပြင်းအား M 7.1 ၀န်းကျင်ရှိသော ငလျင် လှုပ်သွားပါတယ်။ ငလျင်ကြီးနဲ့အတူ ၅ မိနစ်ခြား တကြိမ်လောက် ငလျင်ငယ်တွေ ကြိမ်ပေါင်းများစွာ လှုပ်ခတ်သွားပါတယ်။  တိုကျိုတွင်လည်း ပြင်းအား M 4 ၀န်းကျင်ရောက်ရှိ လာသောကြောင့် ပစ္စည်များ ပြုတ်ကျခဲ့တာတွေ လဲရှိသလို ငလျင်လှုတ်ခတ်တဲ ဒေသမှာ စုနာမီ သတိပြုရန် ထုတ်ပြန်ထားပါတယ်။လျှပ်စစ်ဓါတ်ပေါင်းဖို အအေးပေးစနစ်ကို ၁ နာရီလောက် ရပ်ဆိုင်းလိုက်ပြီး လျှပ်စစ်ဓါတ်ပေါင်းဖိုနှင့် ပါတ်သတ်ပြီး အန္တရယ်မရှိ ကြောင်းပြောကြားသွားပါတယ်။

ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဒေသသို့ လုပ်အားပေးသွားရောက်ရန် ဆွေးနွေး


၂၀၁၁၊ဧပြီလ(၁၀)ရက်။

ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ခရိုင်နဲ့ ဒေသတွေမှာ ပြန်လည် တည်ဆောက်ရေးတွေမှာ လုပ်အားပေးနှင့် ဒုက္ခသည်များအား ကျွေးမွေးကူညီရန် အကူအညီ များစွာ လိုအပ်နေကြောင်းကို ကြားသိခဲ့ရသည့်အတွက် ထပ်မှန်ပြီး သွားရောက် လုပ်အားပေးကြရန် ညှိနှိုင်းအစည်းဝေးကို SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ယနေ့ ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။

ညှိနှိုင်း အစည်းဝေးကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan ကျင်းပပြီး ဂျပန်အဖွဲ့များဖြစ်သည့် PFB နှင့် Amnestry International အဖွဲ့မှ တာဝန်ရှိသူများတို့ပါ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အိဝတဲခရိုင်သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ဆက်လက် လုပ်အားပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ သွားရောက်လုပ်အားပေးမည့် အစီအစဉ်များကို မကြာမည်တွင် ကြေငြာသွားမည်ဖြစ်ကြောင်း သိရပါသည်။

Mai Kyaw Oo
Photo by/ Lian Khan Sum

Sunday, April 10, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲ(တိုကျို)







၂၀၁၁၊ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ကျင်းပခဲ့ပါသည်။



အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ရသူများအား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာ သာသနာပြုဆရာမနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ငလျင်စတင်ဖြစ်ပွားခဲ့သည့် အချိန်ဖြစ်သော ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူအားလုံးမှ မတ်တပ်ရပ်ကာ ငြိမ်သက်စွာ ဦးညွတ်ခြင်းကို (၂)မိနစ်တိတိပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှ သော်လည်းကောင်း၊ တစ်ဦးခြင်း အလှူရှင်များ အနေဖြင့်သော်လည်းကောင်း အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်း အလှူငွေ(၁.၄၄၁.၀၀၀)ယန်း လက်ခံရယူခဲ့ပါသည်။ ဧပြီလကုန်ပိုင်းအထိ အလှူငွေများကို လက်ခံရယူသွားမည်ဖြစ်ပြီး ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီမှ ကောက်ခံရရှိသည့် ငွေစာရင်းများကို မကြာမှီတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုရရှိခဲ့သော အလှူငွေများကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်၊Network for Democracy in Burma(NDB)မှ ဦးစီး၍ ကောက်ခံရရှိသည့် မြန်မာနိုင်ငံသားများတို့၏ အလှူဖြစ်ပြီး ငလျင်နှင့် ဆူနာမိ ဒဏ်ခံစားနေရသော နေရာများသို့ မြန်မာများ ကိုယ်စား တိုက်ရိုက် သွားရောက် လှူဒါန်းရန်  အစီအစဉ်များ ပြုလုပ် လျက်ရှိကြောင်း သိရပါသည်။

ဂျပန်အရှေ့မြောက် ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှလည်း  ဝမ်းနည်းခြင်း အထိမ်းအမှတ်တခုကို ပြုလုပ်ခဲ့ရာ  ထိုဝမ်းနည်းခြင်း အခမ်းအနားတွင် ငလျင်နှင့် ပတ်သက်သည့် ဆုတောင်း မေတ္တာပို့ခြင်း၊ အားပေးခြင်း စသည်များကို ရေးသား ဖွဲ့သီခဲ့ကြသော ကဗျာများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေကာ ယနေ့ ဂျပန်နိုင်ငံတွင် ပြုလုပ်သော အခမ်းအနား၌ ရောင်းချ ခဲ့ပါသည်။ ကဗျာစာအုပ် ရောင်းချငွေ စုစုပေါင်းယန်း(၅)သောင်းကိုဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း NLD အဖွဲ့သားများကိုယ်စား NDB မှတဆင့် မြန်မာနိုင်ငံသားများတို့၏ စုပေါင်းအလှူတွင် ထည့်ဝင်လှူဒန်းခဲ့ကြောင်း  သိရပါသည်။

ထို့နောက်တွင် အဆိပါ ကဗျာစာအုပ်မှ ကဗျာများကို တစ်ဦးချင်းစီ ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရပါသည်။
 
သတင်းမှတ်တမ်း။ Aye Nandar Aung(BDA)/ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Ko Thar Htet(BCJP).Ko Than Win. Ko Lian Khan Sum

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒန်း


ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းသို့ သွားရောက်ခဲ့ကြသည့် မြန်မာများ



၂၀၁၁ ခုနှစ် ဧပြီ ၁၀ ရက်။

ဂျပန် ငလျင်ကြီးနဲ့ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း ၉၂ အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည်။
ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လာမည့်အပတ်မှာ ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည်အတွက်  ကျောင်းသန့်ရှင်းရေးများ လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ဒုက္ခသည်များအား ကျွေးမွေးရန် အစီအစဉ်များ လိုအပ်သေးကြောင်းကိုသိရှိရပါသည်။ ငလျင်နောက်ပိုင်းမှာ သွားလာရေးအစဉ်ပြေရန် ရှင်းလင်းထားနိုင်ခဲ့သော်လည်း မြောက်မြားစွာသော် အပျက်အစီးများကို ရှင်းလင်းရန် များစွာလိုသေးကြောင်းကို သိရှိခဲ့ရပါသည်။

ငလျင် ဆူနာမိ သတင်းကို နေ့စဉ် မြင်ရကြားရပြီး ဒုက္ခသည်များအတွက် တခုခု လုပ်ခြင်စိတ်ပေါ်လာပြီး APFS ၏ ကိုယ်စားလှယ် KATO san ဆက်သွယ် ကူညီပေးမှုအရ ယခုကဲ့သို့ တိုကျိုမှ ကီလိုမီတာ ၅၅၀ ရှိခရီးစဉ်ကို သွားရောက် လှူဒန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင်မှာ ရေ မီး ဂဒ်(စ်) လုံးဝ မရရှိသည့် နေရာ ဖြစ်သည်အတွက် လူဦးရေ ချက်ပြုတ် ကျွေးမွေးရန်မှာ အသေးစိတ် ပြင်ဆင် ဆောင်ရွက်ခဲ့ရပါသည်။ ယခု သွားရောက် လှူတန်းခဲ့သည့် အလှူရှင်များမှာ ဂျပန်နိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာကျောင်းသားများ ဂျပန်လူမျိုးနှင့် လက်ထပ်ထားသော မြန်မာများ အလုပ်ဗီဇာဖြစ် နေထိုင်သော မြန်မာများနှင့် နိုင်ငံရေး ခိုလုံခွင့် နေထိုင်သော မြန်မာများတို့၏ စုပေါင်းသည့် အလှူဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Saturday, April 9, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား

၂၀၁၁၊ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲကို
မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူးကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ကုသိုလ်ပါဝင်လိုသူများ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည့် နေ့တွင်လည်း လာရောက် လှူဒန်းနိုင်ကြောင်းနှင့် အလှူငွေများကို ဆက်လက် ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
ကျင်းပပြုလုပ်မည် နေရာ မြေပုံ
နေ့ရက်  ။ ၂၀၁၁ ခုနှစ် ဧပြီလ(၁၀)ရက်၊ (တနင်္ဂနွေနေ့)
အချိန်နေ့ခင်း ၁ နာရီမှ ညနေ ၅ နာရီ အထိ


ကျင်းပမည့်နေရာ.........Ochiai Dai ichi Chiki Center , 3rd Floor,
Shinjuku ku, Shimo Ochiai 4-6-7,
Shinjuku ku 161- 003
Tel: 03 3954 1611, Fax: 03 3951 5734

ရွှေဝါရောင်သံဃာတော်များအမေရိကန်လွှတ်တော်အမတ်များအားမြန်မာ့အရေးအတွက်တိုက်တွန်း

ခေါင်းစဉ်ကိုနှိပ်၍ဖတ်ပါ။ သံဃာတော်များ၏လှုပ်ရှားမှုကိုဓါတ်ပုံများဖြင့်ပါဖေါ်ပြထားပါသည်။

ABMA USCB NOM

Friday, April 8, 2011

ABMA Journal Volume 2 No 7

ABMA Journal Volume 2 No 7

Wednesday, April 6, 2011

ယခုအပတ်အတွက်မိုးမခသတင်းများ

ခေါင်းစဉ်နှိပ်၍ဖတ်ပါ။

news on Apr 5

Tuesday, April 5, 2011

ငုံ့ မခံရဖို့ တုန့်ပြန်ကြစို့ (အိန္ဒိယ သံချပ်)

India Than Gyat 2011 by ronal50 Thangyat Complete

Sunday, April 3, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်။



မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် အဆိုပါ ငလျင် ဘေးဒုက္ခဒဏ် ခံစားနေရသူများအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသား များ၏ အလှူငွေ ပေးအပ်ခြင်း အစီအစဉ်ကိုပါ ကျင်းပပြုလုပ်ရန် ဆွေးနွေး ဆုံဖြတ်ခဲ့ကြပါသည်။

 NDB-Japan မှ ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကို ထောက်ပံ့ ကူညီ သွားနိုင်ရန်အတွက် ဘဏ္ဍာရေး ကော်မတီဖွဲ့စည်းကာ လစဉ် ယန်း တစ်ထောင် Campain ကောက်ခံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ကုသိုလ်ပါဝင်လိုသူများ ဆုတောင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည့် နေ့တွင်လည်း လာရောက် လှူဒန်းနိုင်ကြောင်းနှင့် အလှူငွေများကို ဆက်လက် ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
ကျင်းပပြုလုပ်မည် နေရာ မြေပုံ
နေ့ရက်  ။ ၂၀၁၁ ခုနှစ် ဧပြီလ(၁၀)ရက်၊ (တနင်္ဂနွေနေ့)
အချိန်နေ့ခင်း ၁ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ ။ Ochiai Dai ichi Chiki Center, 3rd Floor,
Shinjuku ku, Shimo Ochiai 4-6-7, Shinjuku ku 161-003
Tel: 03 3954 1611, Fax: 03 3951 5734
 
ဆက်လက်ပြီး ဧပြီလ(၈)ရက်နေ့မှာ ငလျင်နဲ့ ဆူနားမိလှိုင်းဒဏ် ခံခဲ့ရသည့် အီဝါးတဲ့ခရိုင် ရီကုဇဲန်း တာကာဒါမြို့ရှိ ခိုလှုံရေး စခန်းတခုမှာ နေထိုင် နေကြသော ဘေးသင့်သူများ ရှိရာသို့ သွားရောက်ကာ နေ့လယ်စာတနပ် ချက်ပြုတ် ကျွေးမွေး လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မိုင်ကျော်ဦး

ကမ္ဘာအနှံ့ကသတင်းတွေ....